မြန်မာ: ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) အားရေးဆွဲ၍ MONREC သို့အစီရင်ခံတင်ပြခြင်း

မြန်မာ: ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) အားရေးဆွဲ၍ MONREC သို့အစီရင်ခံတင်ပြခြင်း

မကြာသေးမီက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) ၏ ၂၀၁၈ ဇန်နဝါရီလ ၁ဝရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၁၈ အရ ဦးစားပေးစက်မှုလက်မှု ကဏ္ဍ ၉ခုအောက်ရှိ လက်ရှိလည်ပတ်နေသောစက်ရုံများ (အရက်ချက်စက်ရုံများ ၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ပိုးသတ်ဆေးအမျိုးမျိုးထုတ်လုပ်ခြင်း/ဖော်စပ်ခြင်းလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ အဝတ်အထည်နှင့်ဆေးဆိုးပန်းရိုက်ခြင်း၊ သားရေနယ်စက်ရုံလုပ်ငန်းများ၊ ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း နှင့် သကြားစက်ရုံလုပ်ငန်းများ) ဟာ ယခုအချိန်တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အား ဝန်ကြီးဌာနသို့ ထုတ်ပြန်သည့်နေ့မှ တနှစ်အတွင်း လိုအပ်သော ထောက်ခံချက်ရရှိရန် အစီရင်ခံတင်ပြရတော့မှာဖြစ်ပါတယ်။

ကျွန်တော်တို့ SLP ပတ်ဝန်းကျင်ရေးရာဟာ မြန်မာနိုင်ငံတွင်သာမက အာဆီယံ ASEAN မှာပါ EMP ရေးဆွဲမှုဝန်ဆောင်မှုများ၌ အောင်မြင်မှုအခိုင်အမာရရှိထားသော ကုမ္ပဏီတခုုဖြစ်ပါတယ်။ ထိုသို့ရေးဆွဲပေးခဲ့ရာများတွင် အထက်ပါအမိန့်ကြော်ငြာစာတွင်ပါရှိသော ဦးစားပေးကဏ္ဍ ၉ ခု မှ လုပ်ငန်းများအပါအဝင် မြောက်များစွာသော စုံလင်လှသော စီးပွားရေးလုပ်ငန်းများအားလည်း ဝန်ဆောင်မှုပေးခဲ့ပါတယ်။ SLPဟာ ဝန်ကြီးဌာန (MONREC) ၏ မြန်မာနိုင်ငံတွင် EMP တရားဝင်ရေးဆွဲခွင့်ကို ရရိိှထားပြီး ယခုအခါမြန်မာနိုင်ငံရှိ လုပ်ငန်းအပ်နှံသူများသို့ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့ဆိုင်ရာ အကြံပေးဝန်ဆောင်မှုများအားပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရှိ ကျွန်တော်တို့၏ များစွာသော လုပ်ငန်းအပ်နှံသူများမှ တချို့ကတော့ Coca-Cola (အဖျော်ယမကာလုပ်ငန်း)၊ Pouchen (ဖိနပ်နှင့်အထည်ချုပ်လုပ်ငန်း)၊ Wilmar International (သကြားထုတ်လုပ်ရေး လုပ်ငန်း) နှင့် ရွှေတောင် ဘိလပ်မြေ (ဘိလပ်မြေ နှင့် ထုံးထုတ်လုပ်ခြင်းလုပ်ငန်း) တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ SLP ပတ်ဝန်းကျင််ရေးရာ ဟာ ပြည်တွင်းနှင့်ပြည်ပမှ ကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားပြီး လူကြီးမင်းတို့အတွက် အရည်အသွေးမြင့်မားသော ပတ်ဝန်းကျင်ရေးရာ အကဲဖြတ်ဆန်းစစ်ခြင်း နှင့် စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုများအားသင့်လျော်သောနှုန်းထားဖြင့်ဆောင်ရွက် ပေးရန်အတွက် လက်ကမ်း ကြိုဆိုလျက်ရှိပါတယ်။ ကျွန်တော်တို့၏ နည်းပညာဆိုုင်ရာ အကြံပြုချက်များမှာ မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက်အရေးပါသော နိုင်ငံတကာ ကျွမ်းကျင်မှုဆိုင်ရာ တာဝန်ဝတ္တရားအာမခံ (Professional Liability Insurance) အား အပြည့်အဝ ကျောထောက်နောက်ခံပြုထားတာကြောင့် ကျွန်တော်တို့၏ လုပ်ငန်းအပ်နှံသူများမှ အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ပါတယ်။