ထိုင်း၊ SLP ပတ်ဝန်းကျင်ရေးရာမှ အကောင်းဆုံးသော ပတ်ဝန်းကျင်၊ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံ   ပေး ထူးချွန်ဆု ဆွတ်ခူးခြင်း

ထိုင်း၊ SLP ပတ်ဝန်းကျင်ရေးရာမှ အကောင်းဆုံးသော ပတ်ဝန်းကျင်၊ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံ ပေး ထူးချွန်ဆု ဆွတ်ခူးခြင်း

SLP ပတ်ဝန်းကျင်ရေးရာသည် မကြာသေးမီကပင် နိုင်ငံတကာ ဘဏ္ဍာရေး ဆိုင်ရာထူးချွန်ဆုပေးပွဲ ၂၀၁၈ တွင် အခြားသော ကမ္ဘာလုံးဆိုင်ရာထူးချွန် ဆုတခုဖြစ်သည့် “၂၀၁၈ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ အကောင်းဆုံးသော ပတ် ဝန်းကျင်၊ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပေးကုမ္ပဏီ” ဆုကို ဆွတ်ခူးခဲ့ပါသည်။ လုပ်ငန်းရှင် ကျွမ်း ကျင်သူများမှချီးမြှင့်သော အဆိုပါ ထူးချွန််ဆုသည် SLP ပတ်ဝန်းကျင်ရေးရာ၏ အလုပ်ကြိုးစားမှု ၊ဇွဲ၊လုံ့လ၊ မိမိ တို့၏ အလုပ်အပေါ် စိတ်အားထက်သန်မှု၊ သစ္စာရှိမှု နှင့် ဆန်းသစ်တီထွင်နိုင်စွမ်းတို့အား မီးမောင်းထိုးပြနေပေ သည် ။ PTT Public Company Limited နှင့် Wind Energy Holdings တို့ကဲ့သို့သော အခြားအမျိုးအစားထူးချွန်ဆု ရ (category winners) များနှင့် အတူယှဉ်တွဲ ဖော်ပြခံရသည့်အတွက်လည်း SLP မှ အထူးဂုဏ်ယူလျက်ရှိပါသည်။

SLP ပတ်ဝန်းကျင်ရေးရာမှ ဒါရိုက်တာဖြစ်သူ Liz Health မှယခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်မတို့ SLP ပတ်ဝန်း ကျင်ရေးရာမှ အခုလို ထိုင်းနိုင်ငံရဲ့ ၂၀၁၈ အတွက် အကောင်းဆုံးပတ်ဝန်းကျင်၊ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံမှု ဆို င်ရာ အကြံပေးကုမ္ပဏီ အဖြစ် ထပ်မံ ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ကျွန်မတို့ရဲ့ အစဉ်ခိုင်မာ သော စွမ်းဆောင်ရည် ကောင်းများနှင့် ခိုင်မြဲသော ဂတိကဝတ်အပေါ် အခြေပြုထားပြီး လုပ်ငန်းအပ်နှံသူများသို ့ အ ရည်အသွေးအမြင့်ဆုံးသော EHS အကြံပေး ဝန်ဆောင်မှုများနဲ့ လုပ်ငန်းအပ်နှံသူများအပေါ် အကောင်းဆုံးတန်ဖိုး ကို ယပေးအပ်ရန်ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အမြဲတမ်းလိုလို ဆန်းသစ်တီထွင်မှုများလုပ်ဆောင်ရန်၊ ကျွန်မတို့ရဲ့လု ပ်ငန်းရှင်များကို အကောင်း ဆုံးဝန်ဆောင်မှုများကိုရရှိခံစားနိုင်ရန် နဲ့ ၄င်းတို့ရဲ့ အာဆီယံ ဒေသတဝှမ်းမှာရှိတဲ့ လုပ်ငန်း စီမံကိန်းများကို စီမံခန့်ခွဲရာမှာ လိုအပ်မယ့် ဗဟုသုတ နဲ့ အမျှော်အမြင်စွမ်းရည်ကိုပါ ကူညီပေးနိုင်ရန် ခံယူထားပါ တယ်။”

ယခုလိုဆုချီးမြှင့်ခံရခြင်းဟာ ကျွန်မတို့အတွက် ရှေ့ဆက်ပြီးတီထွင်ဆန်းသစ်ဖို့နဲ့ အာဆီယံဒေသတဝှမ်းမှာ အေ ကာင်းဆုံးအဖြစ်ဆက်ရပ်တည်သွားဖို့ ခွန်အားတရပ်လိုပါပဲ။ ကျွန်မတို့အနေနဲ့ နောက်ထပ်လည်း ရှေ့ဆက်ပြီး အရည် အသွေးအမြင့်ဆုံးသော လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများ နဲ့ နိုင်ငံတကာဆိုင်ရာ အလေ့အကျင့် လမ်းညွှန်ချက် ကောင်းများနဲ့လိုက်လျောညီထွေသော အရည်အသွေးမြင့်မားသည့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု ဆိုင်ရာ နဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲခြင်းဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နင့် တိုးချဲ့လုပ် ဆောင် ပေးသွားဖို့ရှိပါတယ်။

နိုင်ငံတကာဘဏ္ဍာရေးထူချွန်ဆုများမှာ လုပ်ငန်းဆိုင်ရာအရည်အချင်းပါရမီ၊ ခေါင်းဆောင်မှုအရည်အချင်း နှင့် နိုင်ငံ တ ကာ platform တွင်ဝင်ဆံ့နိုင်မှု အပေ ါ်မူတည်၍ အသိမှတ်ပြုပါသည်။ နိုင်ငံတကာဘဏ္ဍာရေးမှာ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာဆန်းစစ်ခြင်း မဂ္ဂဇင်း ဖြစ်ပြီး UK နိုင်ငံ၏ International Finance Publications Ltd မှ ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ တိုးတက်လာသောစျေးကွက်များ အလေးထားပြီး နိုင်ငံတကာ ဘဏ္ဍာရေး မှ သတင်းအချက်အလက်များ ဆန်းစစ်ချက်များနှင့် လုပ်ငန်းကျွမ်းကျင်သူများ၊ ဖြန့်ဝေသူများ နှင့် စာရေးဆရာများ၏ ဝေဖန်သုံးသပ်ချက်များအား ဖော်ပြပေးလျက်ရှိသည်။

တာဝန်ကျေသော SLP ပတ်ဝန်းကျင်ရေးရာ အဖွဲ့