အာဆီယံ၊ SLP ပတ်ဝန်းကျင်ရေးရာ၏ ပတ်ဝန်းကျင်ဆိုင်ရာ တရားဥပဒေလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်ပေး  ခြင်းဆု ၂၀၁၈ အတွက်ဆွတ်ခူးခြင်း

အာဆီယံ၊ SLP ပတ်ဝန်းကျင်ရေးရာ၏ ပတ်ဝန်းကျင်ဆိုင်ရာ တရားဥပဒေလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်ပေး ခြင်းဆု ၂၀၁၈ အတွက်ဆွတ်ခူးခြင်း

သတင်းထုတ်ပြန်ခြင်း၊ သြဂုတ်လ ၂၃ ရက်နေ့ ၂၀၁၈

မကြာသေးမီက ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပခဲ့သော ကမ္တာ့ဆုပေးပွဲအခမ်းအနား ACQ 2018 ၌ SLP ပတ်ဝန်းကျင်ေ ရးရာသည် အာဆီယံဒေသဆိုင်ရာအတွက် တစ်နှစ်တာ ပတ်ဝန်းကျင်ဆိုင်ရာ တရားဥပဒေလိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးခြင်းအတွက်ဆု ဆွတ်ခူးရရှိ်ခဲ့ပါသည်။

ယခင်နှစ်များ(၂၀၁၁ နှင့် ၂၀၁၇ ကြား)တွင် SLP ပတ်ဝန်းကျင်ရေးရာသည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေး ရှား၊ မြန်မာ၊စင်ကာပူ၊ ထိုင်းနှင့်ဗီယက်နမ်များ နိုင်ငံများအတွက် တစ်နှစ်တာပတ်ဝန်းကျင်ဆိုင်ရာ တရားဥပဒေလိုအပ်ချက် များကို တာဝန်ယူဆောင်ရွက်ပေးခြင်း ဆုအား အာဆီယံဒေသဆိုင်ရာအတွက်ဆွတ်ခူးရရှိခဲ့ပါသည်။ ထို့အပြင် ယခုနှစ် ၂၀၁၈ အာဆီ ယံဒေသတွင်းဆိုင်ရာဆုရရှိခဲ့သော SLP ပတ်ဝန်းကျင်ရေးရာသည်လုပ်ငန်းအပ်နှံသူများ၏ ပတ်ဝန်းကျင်ရေး ရာ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ဆိုင်ရာ အပြင် ဘေးအန္တရာယ် စီမံခန့်ခွဲခြင်းလိုအပ်ချက်များအတွက် အ ရည်အသွေးကောင်းသော တိုင်ပင်ဆွေးနွေးခြင်းနှင့် အကြံပေးခြင်း ဝန်ဆောင်မှုများအား အာဆီယံဒေသတစ်လျှောက်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုနှစ်အတွက် ဆုရရှိခဲ့သော SLPပတ်ဝန်းကျင်ရေးရာအနေဖြင့် အာဆီယံဒေသအနှ့ံ စျေးကွက်အသီးသီးနှင့် စီးပွားရေးလိုအပ်ချက်များအပြင် စည်းမျဉ်းအခြေအနေများလိုက်လျောညီထွေဖြစ်အောင် ဝန်ဆော င်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရုံမက အမှန်တကယ်ကမ္ဘာ့အဆင့်မှီ တိုင်ပင်ဆွေးနွေးခြင်းနှင့် အကြံပေးခြင်း ဝန်ဆောင်မှု များဖြင့် လုပ်ငန်းအပ်နှံသူများအား ကျေနပ်မှု အပြည့်အဝ ပေးစွမ်းလျက်ရှိပါသည်။

ထိုကဲ့သို့ဆုရရှိခဲ့ခြင်းသတင်းအပေါ် SLP ပတ်ဝန်းကျင်ရေးရာသည် စီမံဒါရိုက်တာ Steve Pearmain မှ “ဤဆုသည် ကျွန်ုပ်တို့၏ စျေးကွက်နယ်ပယ်တွင် စစ်မှန်သော ခေါင်းဆောင်မှုတစ်ခုအနေဖြင့် ရပ်တည်နေခြင်းအား အသိအမှတ်ပြု သည့် အပြင်ကျွန်ုပ်တို့၏ အောင်မြင်မှုသည် SLP တစ်ဖွဲ့သားလုံး၏ ကြိုးပမ်းမှုကြောင့်သာမက စီးပွားရေးလုပ်ငန်းကဏ္ဍ မျိုးစုံ နှင့်နိုင်ငံတကာတရားစီရင်မှုအောက်တွင်အရည်အသွေးကေားသော တိုင်ပင်ဆွေးနွေးခြင်းနှင့် အကြံပေး ခြင်း ဝန် ဆောင်မှုများအတွက် အလုပ်တာဝန်များအပေါ် နှစ်မြှပ်ထားခြင်း ကြောင့်လည်းဖြစ်ကြောင်း “ပြောကြားခဲ့ပါသည်။

မှတ်ချက်: ACQ5 ကမ္ဘာလုံးဆိုင်ရာဆုပေးပွဲ၏ ဆုံးဖြတ်ချက်များသည် သက်တူရွယ်တူအဆိုပြုချက်အပေါ်အခြေခံပြီး တစ် နှစ်ပတ်လုံး အသေးစိတ် သုတေသနပြုကာ စျေးကွက်ပါဝင်သူအားလုံး၏ လျှောက်တင်ချက်များ အား အသေးစိတ်ကြည့်ရှု ့လက်ခံစစ်ဆေးခြင်း ရလဒ်များကိုသာ အခြေခံထားခြင်းဖြစ်ပါသည်။