ဝန်ဆောင်မှုများ
SLP Environmental မှာ ၎င်းတို့၏ ကောင်းမွန်သည့် အုပ်ချုပ်ပုံ နည်းစနစ်နှင့် ရည်မှန်းချက်ကြီးမားသော အဖွဲ့အစည်းတစ်ခုအဖြစ်လည်းကောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး၊ ကာကွယ်စောင့်ရှောက်မှုများနှင့် သဘာဝပတ်ဝန်းကျင်အားလေးစားသမှုဖြင့် စည်းမျဉ်းစည်းကမ်းများ လေးစားလိုက်နာ ကျင့်သုံးမှုများကိုလည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ဖြေရှင်း နိုင်ခဲ့သောကြောင့်လည်းကောင်း အရှေ့တောင်အာရှ နယ်ပယ်တစ်လွှားတွင် အသိအမှတ်ပြုခံရပါသည်။
ကျွန်တော်များ၏ အထူးဝန်ဆောင်မှုလုပ်ငန်းများကို အဓိကအားဖြင့် (၇) မျိုး ခွဲခြားသတ်မှတ်ထားပါသည်။
သဘာဝ ပတ်ဝန်းကျင် အရည်အသွေးမြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေး ဝန်ဆောင်မှုလုပ်ငန်းများကို မည်သည့်အဆင့်တွင်မဆို လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းအမျိုးမျိုး အစားစား၏ စီမံကိန်းအတွက် အသေးစိတ်စိစဉ်ဆောင်ရွက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်း လုပ်ငန်းတစ်ခုလုံး လည်ပတ်နိုင်သည်အထိ လက်ခံဆောင်ရွက်ပေးပါသည်။ နိုင်ငံတကာအတွေ့အကြုံများနှင့် လုပ်ငန်းလက်ခံဆောင်ရွက်သော နေရာဒေသ အကြောင်း၊ တရားဝင် စည်းမျဉ်းစည်းကမ်းများအကြောင်း နှင့် ထိုဒေသဆိုင်ရာ စည်းကမ်းများကို ကို ကောင်းမွန်စွာ သိနားလည်ထားခြင်းများရှိသောကြောင့် SLP Environmental မှာ အာဆီယံ စီးပွားရေး စျေးကွက်နယ်ပယ်တွင် နည်းပညာနှင့် အတတ်ပညာပိုင်း၊ အကြံပေး ဝန်ဆောင်မှုအပိုင်းတွင် အရည်အသွေးမြင့်မြင့်မားမားဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်သောကြောင့်ထိပ်တန်းနေရာ တွင် ရပ်တည်နေလျက်ရှိပါသည်။