Vietnam, Renewable Energy, Due Diligence, Transaction and Funder Services
SLP Environmental သည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင် သဘာဝပတ်ဝန်းကျင် အရည်အသွေးမြင့်မားရေး ဆိုင်ရာလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်သော အာဆီယံ အကြံပေး ဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရရှိထားသော ကုမ္ဗဏီ တစ်ခုဖြစ်ပါသည်။
လုပ်ငန်းတစ်ခု စတင်အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုး ပြဿနာရပ်များအတွက် လိုအပ်သည်များကို စီမံခန့်ခွဲပေးခြင်း၊ ၎င်း လုပ်ငန်းအပ်နှံသူများအတွက် လုပ်ငန်းတစ်ခု စတင် အကောင်အထည်ဖော်ရန် လိုအပ်ချက်များကို စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင့်သုံးဆောင်ရွက်ပေးခြင်း၊ သင့်တော်သော ပတ်ဝန်းကျင် တည်နေရာအား အကဲဖြတ်စိစစ်ပေးခြင်း၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများမှ လူမှုရေး နှင့် အစိုးရလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် ရန်ပုံငွေ အတွက် လျှောက်လွှာများ ထောက်ခံပေးခြင်း တို့မှာ ကျွန်တော်များ၏ အထူး အကြံပေး ဝန်ဆောင်မှုများပင်ဖြစ်ပါသည်။
SLP Environmental သည် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများတွင် လှုပ်ရှားဆောင်ရွက်ခဲ့သော စီးပွားရေး နယ်ပယ် အသီးသီးအတွက် ဆောင်ရွက်ထားသော မှတ်တမ်းများ ပိုင်ဆိုင်ထားပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်လုပ်ကိုင်နေသော ထိပ်တန်းကုမ္ဗဏီကြီး ၅၀၀ တွင်ပါဝင်သည့် ကုမ္ဗဏီများ၏ လာရောက်အပ်နှံထားသော လုပ်ငန်းများကိုလည်း လက်ခံ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ဗဏီကြီးများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချမှတ်ရေး ကုမ္ဗဏီများထံမှလည်း အရှေ့တောင်အာရှနိုင်ငံအသီးသီးအတွက် အထူးဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း တွဲဖက်ပါဝင် လုပ်ဆောင်လျက် ရှိပါသည်။
ဘန်ကောက်မြို့နှင့် ရန်ကုန်ရှိ ကျွန်တော်များ၏ အဓိက လုပ်ငန်းတည်နေရာမှနေ၍ အာဆီယံဒေသ တစ်ခွင်လုံးဆိုင်ရာ တွဲဖက် လုပ်ငန်းရှင်များ၊ ထောက်ခံချက်ရရှိထားသော နိုင်ငံတကာ အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံ စည်းမျဉ်းစည်းကမ်း ချမှတ်ခြင်းဆိုင်ရာ ပညာရှင်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသော ဤအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင် အရည်အသွေးမြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများနှင့် ဘေးအန္တရာယ်ဆိုင် ကာကွယ်မှုများ အစရှိသည်တို့နှင့် ပတ်သက် ဆက်နွယ်နေသော လုပ်ငန်းကဏ္ဍများ၊ စိရင်ထုံးဆိုင်ရာ များကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။
နောက်ဆုံး သတင်းအချက်အလက်များ
စီမံကိန်းကြီးများ

Environmental & Social Impact Assessment (ESIA)
Myanmar, Energy, Impact Assessment & Planning

Phase 1 & 2 Environmental Site Assessment
Thailand, Land & Property, Due Diligence, Transaction & Funder Services

Environmental, Health & Safety Compliance Audit (EHS Auditing)
Indonesia, Energy, Regulatory Compliance & Risk Management

Environmental, Health & Safety Compliance Audit
Singapore & Malaysia, Aerospace, Regulatory Compliance & Risk Management

Environmental & Social Impact Assessment (ESIA)
Myanmar, Energy, Impact Assessment & Planning

Phase 1 & 2 Environmental Site Assessment
Malaysia, Manufacturing, Due Diligence, Transaction & Funder Services

Phase 1 Environmental Site Assessment
Philippines, Manufacturing, Due Diligence, Transaction & Funder Services