Sunbird bird,Sunbird bird in Park Inthanon Chiang Mai, Thailand.

ဂေဟဗေဒနှင့် သက်ရှိတို့နေထိုင်ကျက်စားရာ နေရာဒေသမျိုးစုံအား အရည်အသွေးမြင့်မားလာစေရန် ဝန််ဆောင်မှုများပေးခြင်း

ဂေဟစနစ်ဆိုင်ရာနှင့် နေထိုင်ကျက်စားရာ နေရာဒေသများအတွက် စစ်ဆေးအကဲဖြတ်ခြင်း များဆောင်ရွက်ရာတွင် Phase 1 Ecological Appraisals အတွက် ကြိုတင်ပြင်ဆင်ခြင်းအဆင့်မှ လူဦးရေအတိအကျ သို့မဟုတ် အဖွဲ့အစည်းအသိုင်းအဝိုင်း နေထိုင်ကျက်စားပုံများကို တိတိကျကျ အသေးစိတ် လေ့လာဆန်းစစ်နိုင်သော Phase 3 Ecological Surveys ကောက်ယူခြင်းများထိ SLP Environmental မှ အပြည့်အဝ ဝန်ဆောင်မှုပေးနေပါသည်။

Environmental Impact Assessment (EIA) လုပ်ငန်းစဉ် တစ်လျှောက်လုံး၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် Phase 1 Ecological Appraisals ကို အမြဲပုံမှန် ဆန်းစစ်ပေးပါသည်။ ဂေဟစနစ်ပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာခြင်းကို အကောင်အထည ဖော်ဆောင်ရွက်မည့် စီမံကိန်းကြောင့် ယင်းနေရာတွေ နေထိုင်ကျက်စားသော အဏုဇီဝသတ္တဝါများပေါ် မည်မျှသက်ရောက်မှုရှိမည်ကို ပထမအဆုံးအဆင့်ဖြစ် ဆန်းစစ်လေ့လာရမည်ဖြစ်ကြောင်း International Association for Impact Assessment (IAIA, 2005) မှ အကြံပြုထားပါသည်။ SLP Environmental မှာ ဤ Phase 1 အမျိုးအစား ဆန်းစစ်လေ့လာခြင်းကို Initial Ecological Investigation and Evaluation of a Proposed Project’ (CIEEM, 2013) စီမံကိန်းအတွက် ဆန်းစစ်လေ့လာရန် Chartered Institute for Ecology and Ecological Management မှရေးဆွဲ အတည်ပြုပေးခဲ့သော နည်းစနစ်အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်နေပါသည်။

ယင်း Phase 1 Ecological Appraisal မှာ စီမံကိန်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သက်ဆိုင်ရာစီမံကိန်းနေရာတွင် နေထိုင်ကျက်စားနေသော သတ္တဝါများသာမက သဘာဝအလျောက် ပေါက်ရောက်နေသော အပင်ကြီးအပင်ငယ်များ၏ ပေါက်ရောက်ရှင်သန်မှု ပုံသဏ္ဍာန်ကို အချိန်တိုတိုအတွင်းတွင် ဆန်းစစ်လေ့လာနိုင်မည့် နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။

Phase 1 Ecological Appraisal ဆန်းစစ်လေ့လာခြင်းတွင် အဓိကအားဖြင့် အဆင့် (၂) ဆင့် ပါဝင်ပါသည်။ (၁) ရုံးတွင်း လိုအပ်သည့် သတင်းအချက်အလက်များကို စတင်ရှာဖွေ စုဆောင်းခြင်း  (၂) စီမံကိန်းဆောင်ရွက်မည့် ပတ်ဝန်းကျင်မြေနေရာနှင့်ပတ်သက်သည်များကို ဆန်းစစ်ခြင်း၊ အကဲဖြတ်ခြင်း၊ အသေးစိတ်မြေပုံရေးဆွဲခြင်း နှင့် မြေနေရာ အသုံးချထားပုံများကို  ပြန်လည်လေ့လာခြင်း ဟူ၍ ဖြစ်ပါသည်။ ယင်း Phase 1 Ecological Appraisal မှာ စီမံကိန်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သက်ဆိုင်ရာစီမံကိန်းနေရာတွင် နေထိုင်ကျက်စားနေသော သတ္တဝါများသာမက သဘာဝအလျောက်ပေါက်ရောက်နေသော အပင်ကြီးအပင်ငယ်များ၏ ပေါက်ရောက်ရှင်သန်မှု ပုံသဏ္ဍာန်ကို အချိန်တိုတိုအတွင်းတွင် ဆန်းစစ်လေ့လာနိုင်မည့် နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။ ရုံးတွင်း စစ်တမ်းကောက်ယူခြင်းများမှ ရရှိလာသော သတင်းအချက်အလက်များကို မူတည်၍ ယင်း စီမံကိန်းနေရာဒေသတွင် ရှင်သန်ပေါက်ရောက်နေသောအပင်နှင့် သတ္တဝါများအပေါ် သက်ရောက်မှုများမှ ကာကွယ်စောက်ရှောက်ရန် လိုအပ်ချက်ကို အသေးစိတ်နားလည် သိရှိနိုင်မည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း ကဏ္ဍများကို ခွဲခြားထားပါသည်။

  • Habitat preferences;
  • Anticipated distribution;
  • Relative abundance;
  • Existing records from the region;
  • The occurrence of suitable habitat; and
  • Observations, records and or anecdotal information indicating the presence of conservation significant species within the project site area.

SLP Environmental မှာ ဤ Phase 1 အမျိုးအစား ဆန်းစစ်လေ့လာခြင်းကို Initial Ecological Investigation and Evaluation of a Proposed Project’ (CIEEM, 2013) စီမံကိန်းအတွက် ဆန်းစစ်လေ့လာရန် Chartered Institute for Ecology and Ecological Management မှရေးဆွဲ အတည်ပြုပေးခဲ့သော နည်းစနစ်အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်နေပါသည်။

မျိုးစိ်တ်တစ်ခုအပေါ်တွင် သက်ရောက်နိုင်သည့် ဘေးထွက်သက်ရောက်မှု ပမာဏကို ဖြစ်နိုင်ချေနည်းသည်၊ ဖြစ်နိုင်ချေရှိသည်၊ သို့မဟုတ် ဖြစ်နိုင်ချေများသည် ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။ ဤ သတ္တဝါနှင့် အပင်မျိုးစိတ်များအကြောင်း ကြိုတင် အသေးစိတ်လေ့လာထားရခြင်းမှာ စီမံကိန်းလှုပ်ရှားဆောင်ရွက်မှုများနှင့် ၎င်းတို့ကြား သက်ရောက်မှုဖလှယ်ခြင်းများကို နားလည်နိုင်ရန်ပင်ဖြစ်ပါသည်။

အကယ်၍ Phase 1 Ecological Appraisal ဆန်းသပ်လေ့လာခြင်း ရလဒ်တွင် သတ္တဝါနှင့် အပင်မျိုးစိတ်များ၊ သို့မဟုတ် ပတ်ဝန်းကျင်အရပ်ဒေသ နှင့် နေထိုင်အသက်မွေးဝမ်းကျောင်းပြုသူများကို ဘေးထွက်ဆိုးကျိုး သက်ရောက်နိုင်သည်ဟု ရှာဖွေတွေ့ရှိပါက Phase 2 Ecological Survey ကောက်ယူခြင်းကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။ ၎င်းစစ်တမ်းကောက်ယူခြင်းမှာ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုကို ခံရနိုင်ချေရှိသည့် သတ္တဝါနှင့် အပင်မျိုးစိတ်များ၊ သို့မဟုတ် ပတ်ဝန်းကျင်အရပ်ဒေသ နှင့် နေထိုင်အသက်မွေးဝမ်းကျောင်းပြုသူများအကြောင်းကို အသေးစိတ် ပြန်လည် ဆန်းစစ်ခြင်းဖြစ်သည်။ Phase 2 စစ်တမ်းကောက်ယူခြင်းမှာ ရာသီအလိုက် အထူးလိုအပ်ချက်များ နှင့် သတ္တဝါများနေထိုင်ကျက်စားပုံသို့မဟုတ် (မှတ်တမ်းရိုက်ယူ ကင်မရာများ သို့မဟုတ် ခြေရာခံကင်မရာများ) တို့ဖြင့် အနီးကပ်ဆန်းစစ်လေ့လာခြင်းတို့ ပါဝင်သည့်အပြင် ရုံးတွင်းသုတေသနလုပ်စဉ်များ နှင့် ဒေသခံ ကျွမ်းကျင်ပညာရှင်များမှာ အစဉ်အမြဲ လိုက်လံစစ်ဆေးဆောင်ရွက်နေရမည် ဖြစ်သည်။ အပင်မျိုးစိတ်များကို တာဝန်ယူ စစ်ဆေးသော အဖွဲ့အစည်းမှာမူ အပင်ပေါက်ရောက်ပုံ မြေနေရာလေ့လာမှုများ၊ အပင်အမျိုးအစားအကြောင်း အသေးစိတ် ရှာဖွေစီစစ်မှုများကို အကဲဖြတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဤ သတ္တဝါနှင့် အပင်မျိုးစိတ်များ အကြောင်းကြိုတင် အသေးစိတ်လေ့လာထားရခြင်းမှာ စီမံကိန်း လှုပ်ရှားဆောင်ရွက်မှုများနှင့် ၎င်းတို့ကြား သက်ရောက်မှု ဖလှယ်ခြင်းများကို နားလည်နိုင်ရန်ပင်ဖြစ်ပါသည်။

တချို့သော အခြေအနေကိစ္စရပ် အတွက်ကိုမူ Phase 3 Ecological Survey အသုံးပြုရန် အကြံပြုလိုပါသည်။ Phase 2 စစ်တမ်းကောက်ယူခြင်း လုပ်ငန်းစဉ်အတွင်းတွင် တွေ့ရှိခဲ့သော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအတိုင်းအတာ ကိုဖော်ထုတ်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအားဖြင့် မြေဆီလွှာနှင့် မြေအောက်ပမာဏတို့ မည်မျှထိသက်ရောက်မှု ရှိမည်ကိုလေ့လာဆုံးဖြတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သက်ရောက်မှုရှိနိုင်သည့် သတ္တဝါနှင့် အပင်မျိုးစိတ်များအကြောင်း အပြည်အစုံကို အစီရင်ခံစာရေးတင်ခြင်း နှင့် ပတ်ဝန်းကျင်နေရာဒေသ ညစ်ညမ်းမှုကို ပြန်လည်ပြုပြင်နိုင်မည့် အစီအစဉ် ရေးဆွဲခြင်း စသည့် အသေးစိတ် အကဲဖြတ်ဆန်းစစ်ခြင်းတို့မှာ Phase 3 လုပ်ငန်းစဉ်အောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အဓိကဝန်ဆောင်မှုများ

  • Ecological Baseline Studies
  • Phase 1 (Preliminary) Ecological Appraisals
  • Phase 2 and 3 Ecological Surveys
  • Biodiversity Screening and Geospatial Mapping
  • Reconnaissance and Ground Truthing Surveys
  • Flora and Fauna Surveys
  • Terrestrial, Aquatic and Marine Ecological Baseline Surveys
  • Biotic Indices and Macro-invertebrate Surveys
  • Likelihood of Occurrence Assessments
  • Chartered Institute for Ecology and Ecological Management (CIEEM) Compliant Studies

စီမံကိန်းကြီးများ