စီးပွားရေးလုပ်ငန်းအမျိုးမျိုးတွင် လုပ်ကိုင်နေကြသော တစ်ကမ္ဘာလုံးမှ ကွဲပြားခြားနားသည့် လုပ်ငန်းအပ်နှံသူများနှင့် အာဆီယံဒေသအသီးသီးမှ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းများ၊ ဝန်ဆောင်မှုများနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုများအတွက် တာဝန်ယူလုပ်ဆောင်ပေးလျက်ရှိပါသည်။

ကျွန်တော်များထံသို့ လာရောက်လုပ်ငန်း အပ်နှံသူများတွင် ကမ္ဘာ့အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာ ကုမ္ဗဏီကြီးများလည်း ပါဝင်ပါသည်။ ကမ္ဘာ့ထိပ်တန်း သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင််းရေး ဝန်ဆောင်မှုကုမ္ဗဏီကြီး နှစ်ဆယ်မှ ကုမ္ဗဏီ ဆယ်ငါးခု ကျော်နှင့်လည်း တွဲဖက် အကြံပေး ဝန်ဆောင်မှုလုပ်ငန်းများကို အရှေ့တောင်အာရှတစ်ခွင်တွင် ဆောင်ရွက်လျက်ရှိပါသည်။

“ SLP Environmental Co., Ltd သည် ကုမ္ပဏီ၏ ကိုးကားချက် အတိုင်း အဆုံးထိ ဆက်သွယ်မှု မြန်ဆန်တိကျပြီး  အလွန် ယုံကြည် စိတ်ချရသော စီးပွားဖက် တစ်ဦးဖြစ်ပါသည်။ လုပ်ငန်းခွင် စစ်ဆေးကြည့်ရှု့သည့် အချိန်ကာလတွင်လည်း တည်ရှိ ဖြစ်ပေါ်လာသော အခြေအနေ အရပ်ရပ်ကိုလည်း အဆင်ပြေပြေ ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ပါသည်။  ထွက်ရှိလာသော ရလဒ်များသည်လည်း ရှင်းလင်း တိကျပြီး မေးခွန်းများကိုလည်း နားလည်လွယ်ကူစွာ ဖြေကြားပေးနိုင်ပါသည်။ ထို့ကြောင့် SLP Environmental နှင့် လက်တွဲ လုပ်ဆောင်ဖို့ ထောက်ခံမှု ပေးချင်ပါသည်။”

Martin Kragenings, Global SHE Manager
Semperit AG Holdings, Austria

TGES အနေဖြင့် SLP Environmental Co., Ltd ကို စွမ်းအင် ကဏ္ဍ ပရောဂျက် အတွက် ကနဦး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးရေး (EIA) စာတမ်းတစ်ခု ပြုလုပ်ပေးရန် အလုပ်အပ်ခဲ့ပါသည်။ ထို့ကြောင့် TGES အနေဖြင့် SLP Environmental ၏ ဝန်ဆောင်မှု အရည်အသွေး မြင့်မားမှုကို သိရှိခဲ့ပြီး TGES မှ SLP Environmental ကို နောက်ထပ် တစ်ဆင့်တိုး၍ သဘာဝ ပတ်ဝန်းကျင် နှင့် လူမှု့ရေး ဆိုင်ရာ အကျိုးဆက်များ စီစစ်ခြင်း (ESIA) ဝန်ဆောင်မှုကို အနာဂတ်တွင် အာဆီယံဒေသတွင်း လုပ်ဆောင်ပေးရန် ထပ်ဆင့် ကမ်းလှမ်းထားပါသည်။

Keiichi Sakata, Deputy Chief Operating Officer of Overseas Business
Tokyo Gas Engineering Solutions Corporation (TGES), Japan

ကျွန်တော်များထံတွင် လာရောက်လုပ်ငန်းအပ်နှံသူများထဲမှ အချို့မှာ အောက်ပါတို့ပါဝင်သည်။

အာကာသ နည်းပညာဆိုင်ရာလုပ်ငန်းUTC Aerospace Systems
စိုက်ပျိုး စီးပွားရေးလုပ်ငန်းOlam International
စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းJohnson Controls, Maxion Wheels, Mitsubishi
ဓာတုပစ္စည်းဆိုင်ရာလုပ်ငန်းHuntsman, Solvay, Semperit AG
စွမ်းအင် အရင်းအမြစ်လုပ်ငန်းAlstom, General Electric
ဘဏ္ဍာရေးလုပ်ငန်းANZ Banking Group, International Finance Corporation
အစိုးရပိုင်းဆိုင်ရာလုပ်ငန်းCommonwealth of Australia
အကြီးစားစက်မှုလုပ်ငန်းGeneral Electric, Shwe Taung Group, Pandrol
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းSPA Project Management
ရေအားလျှပ်စစ်လုပ်ငန်းKansai Electric Power
အာမခံလုပ်ငန်းMcLarens Young International
အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှု လုပ်ငန်းInfraCo Asia Development
မြေယာ နှင့် ပိုင်ဆိုင်မှု လုပ်ငန်းLime Tree Capital
ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းMars Inc, Omron Global, Coca Cola, Reckitt Benckiser
သတ္တုဗေဒ လုပ်ငန်းSiam Metal Recycle
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
Tokyo Gas, PTT, Eni S.p.A
စက္ကူနှင့် ပျော့ဖတ်လုပ်ငန်းOji Paper
ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းNovartis, GPO (Thailand), Cardinal Health
အသစ်တဖန် ပြန်လည်အသုံးပြုသော စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းGamesa, Sun Edison
လူသုံးကုန်ပစ္စည်း လုပ်ငန်းWilmar International
နည်းပညာဆိုင်ရာ အထောက်အပံ့နှင့် ဝန်ဆောင်မှုလုပ်ငန်းNORAD
အထည်လိပ်လုပ်ငန်းBangkok Kraft
မြို့ပြဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းYOMA Strategic Holdings, CBRE, Colliers
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်း လုပ်ငန်းBrenntag
ရေအသုံးချခြင်း လုပ်ငန်းCarlsberg