ကျွန်တော်များ၏ SLP Environmental မှာ စတင်ဖွဲ့စည်းသည့် အချိန်မှစတင်၍ တဖြည်းဖြည်းဖြင့် လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု အကြံပေး ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်များတွင် အရှေ့အတောင်အာရှ၏ ထိပ်တန်း အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေလျက်ရှိပါသည်။ SLP Environmental သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၀၈ ခုနှစ် အစပိုင်းမှစ၍ အခြေစိုက် လုပ်ကိုင်လာရာ များပြားလာသော လုပ်ငန်းအပ်နှံသူများနှင့် စီမံကိန်းများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခန်းစတင်ဖွင့်လှစ်ခဲ့ပါသည်။

SLP Environmental သည် ၎င်း၏ ရုံးခန်းတည်နေရာ နှစ်ခုမှနေ၍ အာဆီယံဒေသအနှံ့မှ စီမံကိန်းများစွာကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အာဆီယံအတွင်း ဗဟိုကျသော နေရာများတွင် အခြေစိုက်လုပ်ကိုင်နေခြင်းဖြစ်သောကြောင့် မည့်သည့်အာဆီယံ နယ်ပယ်ဒေသနှင့်မဆို နာရီအနည်းငယ်ထက် ပိုမဝေးပါ။

SLP Environmental သည် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများတွင် လှုပ်ရှားဆောင်ရွက်ခဲ့သော စီးပွားရေး နယ်ပယ် အသီးသီးအတွက် ဆောင်ရွက်ထားသော မှတ်တမ်းများ ပိုင်ဆိုင်ထားပါသည်။ အရှေ့တောင်အာရှ ဒေသတစ်ခွင်လုံးတွင် စီမံကိန်းများ အမြောက်အများကို အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း မှတ်တမ်းတင်ထားရှိယုံမျှမက အာဆီယံနိုင်ငံကြီးများ (၁၀) နိုင်ငံရှိသည့်အနက် (၈) နိုင်ငံတွင် ကျွနု်ပ်တို့ SLP Environmental ၏ အကြံပေး ဝန်ဆောင်မှုလုပ်ငန်း အရည်အသွေးများအတွက် ဂုဏ်သတင်းကြီးသော စက်မှုလုပ်ငန်းထူးချွန်ဆု ရရှိခဲ့ပါသည်။

ကျွန်တော်များအား စာပေးပို့ရန်

First Name / ชื่อ / နာမည် (ရှေ့)
Last Name / นามสกุล / နာမည် (မျိုးရိုး နာမည်)
Country / ประเทศ / နေထိုင်ရာတိုင်းပြည်*
Contact Number / เบอร์ติดต่อกลับ / ဖုန်းနံပါတ် *
Company / บริษัท / ကုမ္ဗဏီနာမည်*
Position / ตำแหน่ง / အလုပ်အကိုင်ရာထူး
Email / อีเมล์ / အီးမေးလ်*
Message / ข้อความ / ပေးပို့လိုသည့်စာ*
Upload a PDF? (max 7mb) / อัพโหลดไฟล์ PDF? (max. 7 mb) / PDF File တင်ပို့ရန် (အများဆုံး 7MB သာ)။