SLP Environmental သည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင် သဘာဝပတ်ဝန်းကျင် အရည်အသွေးမြင့်မားရေး ဆိုင်ရာလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်သော အာဆီယံ အကြံပေး ဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ရရှိထားသော ကုမ္ဗဏီ တစ်ခုဖြစ်ပါသည်။

SLP Environmental ကို ထိုင်းနိုင်ငံတွင် ၂၀၀၈ ခုနှစ်က ဘန်ကောက်မြို့မှာ ကျွန်တော်များ၏ ပင်မရုံးချုပ်ကို စတင်တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်ရုံးခွဲကို စတင်တည်ထောင်ခဲ့သည်။စီမံကိန်း အရွယ်အစားမျိုးစုံ ၂၀၀ ကျော် ကို နိုင်ငံတကာ အရပ်ဒေသမျိုးစုံတွင် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ပေးခဲ့ပြိီးဖြစ်သည်။

ကျွန်တော်များ၏ အာဆီယံဒေသ တစ်ခွင်လုံးဆိုင်ရာ တွဲဖက် လုပ်ငန်းရှင်များ၊ ထောက်ခံချက်ရရှိထားသော နိုင်ငံတကာ အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် အာဆီယံ စည်းမျဉ်းစည်းကမ်း ချမှတ်ခြင်းဆိုင်ရာ ပညာရှင်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသော ဤအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင် အရည်အသွေးမြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများနှင့် ဘေးအန္တရာယ်ဆိုင် ကာကွယ်မှုများ အစရှိသည်တို့နှင့် ပတ်သက် ဆက်နွယ်နေသော လုပ်ငန်းကဏ္ဍများ၊ စိရင်ထုံးဆိုင်ရာ များကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွန်တော်များ၏ အကြံပေးချက်များကိုလည်း အစဉ်အမြဲ စီးပွားရေးအရ အချက်အချာကျသော ရှုထောင့်မှတဆင့် အမြင့်ဆုံး စက်မှုလုပ်ငန်း စံချိန်စံညွှန်းများ၊ နိုင်ငံတကာမှ ကောင်းမွန်သည့် လမ်းညွှန်ချက်များနှင့်အညီ တပြေးတည်းထားရှိပါသည်။

SLP Environmental မှာ ခက်ခက်ခဲခဲ လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းပေါင်းအမြောက် အများကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ပေးခဲ့ဖူးပြီး ဖြစ်သောကြောင့် လုပ်ငန်းအပ်နှံသူ များအနေဖြင့် ကျွန်တော်များ လုပ်ငန်း၏ အရည်အသွေးကို တတိယပါတီ၏ ခက်ခဲသော စိစစ်ရေးကဲ့သို့ လုပ်ငန်းဆိုင်ရာ အဆင့်ဆင့်ဆောင်တာများကိုလည်း အခက်အခဲမရှိ ကျော်ဖြတ်နိုင်မည့်အကြောင်းကို ယုံကြည်စိတ်ချနိုင်ပါသည်။ ထင်ပြန်ထိဟင်မှုလွယ်ကူသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်အတူ တွဲဖက်ပါလာတတ်သော ဘဏ္ဍာရေးနှင့် ဂုုဏ်သိက္ခာပိုင်းဆိုင်ရာ တာဝန်များကိုလည်း ကျွန်တော်များ ကောင်းစွာ နားလည်သိရှိထားပြီးဖြစ်ရာ လုပ်ငန်းအပ်နှံသူ များအနေဖြင့် ဤ SLP Environmental နှင့်အတူ အပြည့်အဝ ယုံကြည်စိတ်ချစွာ လုပ်ကိုင်နိုင်ပါသည်။

ကျွန်တော်များ၏ SLP Environmental မှာ စတင်ဖွဲ့စည်းသည့် အချိန်မှစတင်၍ တဖြည်းဖြည်းဖြင့် လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု အကြံပေး ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်များတွင် အရှေ့အတောင်အာရှ၏ ထိပ်တန်း အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေလျက်ရှိပါသည်။

ဘာကြောင့် ကျွန်တော်များကို ရွေးချယ်သင့်ပါသလဲ

SLP Environmental ကိုရွေးချယ်သင့်သည့် အကြောင်းအရင်းများမှာ –

  • ကျွနု်ပ်တို့၏ စျေးနှုန်းထား ထူးခြားစွာ သက်သာခြင်း
  • နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ တာဝန်ယူ ဆောင်ရွက်ပေးနိုင်းခြင်း
  • အာဆီယံ စည်းမျဉ်းစည်းကမ်းများကို အသေးစိတ်နားလည် သိရှိခြင်း
  • ဒေသခံ ဗဟုသုတများနှင့်တကွ နိုင်ငံတကာ ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံများ ရှိခြင်း
  • အခြေခံစက်မှုလုပ်ငန်း စံချိန်စံညွှန်းများနှင့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းမှ (IFI) လမ်းညွှန်ချက်များကို နားလည်သိရှိခြင်း
  • အရည်အသွေးမြင့်သော နည်းပညာဆိုင်ရာ အစိအရင်ခံစာများနှင့် အကြံပေးဝန်ဆောင်မှု ဆုဆွတ်ခူး ရရှိထားခြင်း
  • အာဆီယံ ဒေသအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော လုပ်ငန်း ဆောင်ရွက်ဆောင်တာများ မှတ်တမ်းတင်ထားမှုရှိခြင်း
  • လုပ်ငန်းအပ်နှံသူများနှင့် လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်နှင့် လိုအပ်သည်များကို ရှင်းလင်းစွာ တိုင်ပင် ဆွေးနွေးနိုင်ခြင်း
  • လုပ်ငန်းအပ်နှံသူ တစ်ဦးခြင်းစိတိုင်းအတွက် သီးသန့် အစိအရင်ခံစာများ ပြင်ဆင်ပေးခြင်းနှင့် ၎င်းတို့ တစ်ဦးခြင်းစိ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စီမံပေးနိုင်ခြင်း
  • သက်ဆိုင်ရာ အာဆီယံနိုင်ငံအသီးသီးအတွက် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်သော ဒေသခံများနှင့် အထောက်အထားမှတ်တမ်းမှတ်ရာများ ထားရှိခြင်း
  • အာဆီယံကွန်ရက်၏ ကြီးမားကျယ်ပြန့်သော ထောက်ခံမှုကို ရရှိထားခြင်း
  • လုပ်ငန်းများကို သင့်လျော်သောအချိန် အတိုင်းအတာအတွင်းတွင် ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း