ဂေဟစနစ်ဆိုင်ရာနှင့် နေထိုင်ကျက်စားရာ နေရာဒေသများအတွက် စစ်ဆေးအကဲဖြတ်ခြင်း များဆောင်ရွက်ရာ တွင် Phase 1 Ecological Appraisals အတွက် ကြိုတင်ပြင်ဆင်ခြင်းအဆင့်မှ လူဦးရေ အတိ အကျ သို့မဟုတ် အဖွဲ့အစည်းအသိုင်းအဝိုင်း နေထိုင်ကျက်စားပုံများကို တိတိကျကျ အသေးစိတ် လေ့လာဆန်းစစ်နိုင်သော Phase 3 Ecological Surveys ကောက်ယူခြင်းများထိ SLP Environmental မှ အပြည့်အဝ ဝန်ဆောင်မှုပေး နေပါသည်။
Environmental Impact Assessment (EIA) လုပ်ငန်းစဉ် တစ်လျှောက်လုံး၏ အဓိကအစိတ်အပိုင်း တစ်ခုအဖြစ် Phase 1 Ecological Appraisals ကို အမြဲပုံမှန် ဆန်းစစ်ပေးပါသည်။ ဂေဟစနစ် ပိုင်း ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းကို အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းကြောင့် ယင်းနေရာတွေ နေ ထိုင်ကျက်စားသော အဏုဇီဝသတ္တဝါများပေါ် မည်မျှသက်ရောက်မှုရှိမည်ကို ပထမ အဆုံးအဆင့်ဖြစ် ဆန်း စစ်လေ့လာရမည်ဖြစ်ကြောင်း International Association for Impact Assessment (IAIA, 2005) မှ အကြံပြုထားပါသည်။ SLP Environmental မှာ ဤ Phase 1 အမျိုးအ စား ဆန်းစစ်လေ့လာခြင်းကို Initial Ecological Investigation and Evaluation of a Proposed Project’ (CIEEM, 2013) စီမံကိန်းအတွက် ဆန်းစစ်လေ့လာရန် Chartered Institute for Ecology and Ecological Management မှရေးဆွဲ အတည်ပြုပေးခဲ့သော နည်းစနစ်အတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်နေပါသည်။
ယင်း Phase 1 Ecological Appraisal မှာ စီမံကိန်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သက်ဆို င်ရာစီမံကိန်းနေရာတွင် နေထိုင်ကျက်စားနေသော သတ္တဝါများသာမ ဘာဝအလျောက် ပေါက်ရောက် နေသော အပင်ကြီး အပင်ငယ်များ၏ ပေါက် ရော က်ရှင်သန်မှု ပုံသဏ္ဍာန်ကို အချိန်တိုတို အတွင်းတွင် ဆန်းစစ်လေ့လာနိုင်မည့် နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။
Phase 1 Ecological Appraisal ဆန်းစစ်လေ့လာခြင်းတွင် အဓိကအားဖြင့် အဆင့် (၂) ဆင့် ပါဝင်ပါ သည်။ (၁) ရုံးတွင်း လိုအပ်သည့် သတင်းအချက်အလက်များကို စတင်ရှာဖွေ စုဆောင်းခြင်း (၂) စီမံကိန်း ဆောင်ရွက်မည့် ပတ်ဝန်းကျင်မြေနေရာနှင့်ပတ်သက်သည်များကို ဆန်းစစ်ခြင်း၊ အကဲဖြတ် ခြင်း၊ အသေးစိတ် မြေပုံရေးဆွဲခြင်း နှင့် မြေနေရာ အသုံးချထားပုံများကို ပြန်လည်လေ့လာခြင်း ဟူ၍ ဖြစ်ပါ သည်။ ယင်း Phase 1 Ecological Appraisal မှာ စီမံကိန်းအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သ ည်ဖြ စ်စေ၊ သက်ဆိုင်ရာစီမံကိန်းနေရာတွင် နေထိုင်ကျက်စားနေသော သတ္တဝါများသာမက ဘာဝအလျောက်ပေါ က် ရောက်နေသော အပင်ကြီးအပင်ငယ်များ၏ ပေါက်ရောက်ရှင်သန်မှု ပုံသဏ္ဍာန်ကို အချိန်တိုတို အတွင်းတွင် ဆန်းစစ်လေ့လာနိုင်မည့် နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။ ရုံးတွင်း စစ်တမ်းကောက်ယူ ခြင်းများ မှ ရရှိလာ သော သတင်းအချက်အလက်များကို မူတည်၍ ယင်း စီမံကိန်းနေ ရာဒေသတွင် ရှင်သန် ပေါက် ရောက် နေသောအပင်နှင့် သတ္တဝါများအပေါ် သက်ရောက်မှုများမှ ကာကွယ်စောက်ရှောက်ရန် လိုအပ်ချက်ကို အသေး စိတ်နား လည် သိရှိနိုင်မည်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း ကဏ္ဍများကို ခွဲခြား ထား ပါသည်။
ကာကွယ်ထိန်းသိမ်းရန် လိုအပ်သော မျိုးစိတ်တစ်ခုခြင်းအပေါ်တွင် သက်ရောက်နိုင်သည့် ဘေးထွက်သက် ရောက်မှု ပမာဏကို ဖြစ်နိုင်ေ ချနည်းသည်၊ ဖြစ်နိုင်ချေရှိသည်၊ သို့မဟုတ် ဖြစ်နိုင် ချေများ သည် ဟူ၍ ခွဲခြား သတ်မှတ်ထားပါသည်။ထိုသို့ သတ္တဝါနှင့် အပင်မျိုးစိတ်များအကြောင်း ကြိုတင် အသေးစိတ် လေ့လာထား ခြင်းမှာ စီမံကိန်းလှုပ်ရှားဆောင်ရွက်မှုများနှင့် ဇီဝပတ်ဝန်းကျင်တို့ကြား သက်ရောက်မှု နှင့်ကွာဟချက်များကို နားလည်နိုင်ရန်ပင်ဖြစ်ပါသည်။
အကယ်၍ Phase 1 Ecological Appraisal ဆန်းသပ်လေ့ လာခြင်း ရလဒ်တွင် သတ္တဝါနှင့် အပင်မျိုး စိတ်များ၊ သို့မဟုတ် ပတ်ဝန်းကျင်အရပ်ဒေသ နှင့် နေထိုင်အ သက်မွေးဝမ်းကျောင်း ပြုသူများ ကို ဘေးထွက်ဆိုးကျိုး သက်ရောက်နိုင်သည်ဟု ရှာဖွေတွေ့ရှိပါက Phase 2 Ecological Survey ကောက်ယူ ခြင်းကို စတင်ဆောင်ရွက်မည် ဖြစ်ပါသည်။ ၎င်းစစ်တမ်းကော က်ယူခြင်းမှာ ဘေးထွက်ဆိုး ကျိုး သက်ရောက်မှု ကို ခံရနိုင်ချေရှိသည့် သတ္တဝါနှင့် အပင်မျိုးစိတ်များ၊ သို့မဟုတ် ပတ်ဝန်းကျင်အရပ် ဒေသ နှင့် နေ ထိုင်အသက် မွေးဝမ်းကျောင်းပြုသူများအကြောင်းကို အသေးစိတ် ပြန်လည် ဆန်းစစ်ခြင်း ဖြစ်သည်။ Phase 2 စစ်တမ်း ကောက်ယူခြင်းမှာ ရာသီအလိုက် အထူးလိုအပ်ချက်များ နှင့် သတ္တဝါများ နေထိုင်ကျက်စားပုံသို့မဟုတ် (မှတ်တမ်းရိုက်ယူ ကင်မရာများ သို့မဟုတ် ခြေရာခံ ကင်မရာများ) တို့ဖြင့် အနီးကပ်ဆန်းစစ်လေ့လာခြင်းတို့ ပါဝင်သည့်အပြင် ရုံးတွင်းသုတေသနလုပ်စဉ်များ နှင့် ဒေသခံ ကျွမ်း ကျင်ပညာရှင်များမှာ အစဉ်အမြဲ လိုက်လံစစ်ဆေး ဆောင်ရွက်နေ ရမည် ဖြစ်သည်။ အပင်မျိုးစိတ်များကို တာဝန်ယူ စစ်ဆေးသော အဖွဲ့အစ ည်းမှာမူ အပင်ပေါက်ရောက်ပုံ မြေနေရာလေ့လာ မှုများ၊ အပင်အမျိုးအစား အကြောင်း အသေးစိ တ် ရှာဖွေစီစစ်မှုများကို အကဲဖြတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
Phase 3 လေ့လာဆန်းစစ်ခြင်းသည် အဓိက ကာကွယ်ထိန်းသိမ်းရမည့် မျိုးစိတ်များ အရေအတွက်၊ မျိုးစိတ်တစ်ခုခြင်းစီ၏ ပြောင်းလဲနေမှု အနေအထား၊တည်ရှိမှု အခြေအနေနှင့် စီမံကိန်း ပတ်ဝန်းကျင်ရှိ သက်ရှိ တို့ရှင်သန်ရာ အရင်းအမြစ်များကို အသေးစိတ် အကဲဖြတ်စီစစ်ပေးခြင်း ဖြစ်ပါသည်။ ထိုမျှမက စီမံကိန်း ပတ်ဝန် းကျင် အနီးအနားရှိ နေရာတို့တွင် လည်း ဇီဝမျိုးစိတ်တို့၏ ရှင်သန်တည်ရှိမှု အနေအထား ကိုလည်း အလျင်းသင့်သလို အကဲဖြတ်လေ့လာခြင်းများ ဆောင်ရွက်ပေးပါသည်၊ Phase 3 ဂေဟဗေဒ စစ်တမ်း ကောက်ယူခြင်း ပြီးမြောက်ပြီးနောက် ကျယ်ပြန့်သော ဂေဟဗေ ဒအကဲဖြတ် စီစစ်ပေးခြင်း နှင့် ဂေဟေ ဗဒ အပေါ် ထိခိုက်မှု လျော့ချရေး နည်းစဉ်များကို ဆက်လက်လုပ်ဆောင်သင့်ပြီး ထိုသို့လုပ် ဆောင် နိုင်ရန် SLP ပတ်ဝန်းကျင်ရေးရာ မှ အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးပါသည်။